ငပုတော မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စီစဉ်ထားရှိသော စာစစ်ဌာနကျောင်းများတွင် မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စခန်းမှူး ဦးတင်မောင်၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင် ဦးဆောင်သော သန္ဓေ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး မီးဘေး လုံခြုံစိတ်ချရမှုရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း မတ် ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြိူ့နယ် အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရကာ တစ်မြို့နယ်လုံး ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်သူ စုစုပေါင်း ၁၂၆၈ ဦး ရှိကြောင်း ငပုတောမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်သူ(ပြန်/ဆက်)