သတင်းများ

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မတ်(၇)ရက်နံနက်(၁၀)နာရီခွဲက ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 07,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဘောကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အ.ထ.ကကော့မှူးစာစစ်ဌာန၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Mar 07,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အ.ထ.ကကော့မှူးစာစစ်ဌာနတွင် ယနေ့နံနက်က မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး အမှာစကားပြောကြား
Mar 07,2023
၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် “ကျား/မတန်းတူညီမျှဖို့ နည်းပညာနှင့် ဆန်းသစ်စို့” ဆောင်ပုဒ်ဖြင့်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မက်မန်းမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စံပြကြက်မွေးမြူရေးခြံများ တည်ဆောက်ခြင်း ဆောက်ရွက်
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စံပြကြက်မွေးမြူရေးခြံများ တည်ဆောက်ခြင်းကို  မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးကုသမှု ဆောင်ရွက်ပေး
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ နယ်လှည့်ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါ ဝေဒနာရှင် ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနရှိ စာဖြေခန်းများ ပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Mar 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂ဝ၂၂-၂၀၂၃)ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနရှိ စာဖြေခန်းများပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်းစာစစ်ဌာနတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
နတ်မောက်မြို့နယ် ပင်းမြို့ဟောင်း၌ ဗုဒ္ဓပူဇနိယပေါင်းပွဲတော် နှစ်စဉ်မပျက် ကျင်းပ
Mar 07,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပင်းမြို့ဟောင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ပူးပေါင်း၍ ဗုဒ္ဓပူဇနီယတပေါင်းပွဲတော်ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိကြောင်း ဆရာတော် ဦးဥတ္တမထံမှ သိရသည်။