ကျောက်တန်းမြို့နယ်၌ မွေးမြူရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကျင်းပ

ကျောက်တန်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မွေးမြူရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ (Talk show)ကို ယနေ့နံနက် (၁၀)နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက မွေးမြူရေးဆိုင်ရာနဲ့ပတ်သတ်ပြီး ယနေ့ကုန်စျေးနူန်းမြင့်မားလာသည်နှင့်အမျှ လူ့ပတ်ဝန်းကျင်တွင် အပိုဝင်​ငွေရှိမည်ဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းကို တပိုင်တနိုင်မွေးမြူစေရန်ရည်ရွယ်ပြီး မွေးမြူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို Book clubမှ ဦးသူရိန်ထွန်းနှင့်အတူ ဆွေးနွေး ပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကိုအ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ ဆက်)