သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်
Mar 07,2023
မိသားစုတစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများမှ တစ်ဆင့်အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ကိုယ်တိုင်ပြုလုပ်၍အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက အိမ်တွင်းလက်မှုပညာများဖြစ်သည့် နှင်းဆီပန်းပွင့် ခေါင်းစည်းကြိုး၊ ဖဲပြားနှင့် ဆံထိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။