မိုးနဲမြို့နယ် ဝိဇ္ဇာရိယပရိယတ္တိဘုန်းတော်ကြီးစာသင်တိုက်သို့ ဌာနစုပေါင်း အလှူငွေပေးအပ်

မိုးနဲ မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဌာနစုပေါင်း အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အလှူငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ဝိဇ္ဇာရိယပရိယတ္တိဘုန်းတော်ကြီး သင်ပညာရေးမူလတန်းလွန်ကျောင်း ပညာရေးဒါနလှူတန်းငွေများကို ပေးအပ်ခဲ့ကြရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ(သဒ္ဓမ္မဇောတိကဓဇ)မှ လက်ခံရယူပေးခဲ့သည်။ အဆိုပါလှူဒါန်းငွေများကို လစဉ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးကောက်ခံကာ လစဉ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့လှူဒါန်းပေးလျက်ရှိရာ ယခုလတွင် ငွေကျပ်ငါးသိန်းခြောက်ထောင်ကို ဌာနဆိုင်ရာ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)