မောက်မယ်မြို့နယ်တွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက်နေအိမ် ထပ်မံဆောက်လုပ်ပေး
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းဦးဆောင်သော ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများတို့ ပူးပေါင်း၍ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကုန်းလမ်းရပ်ကွက်ရှိ ဦးလုံးနွေ၏ နေအိမ်အား ယနေ့နံနက် ၉ နာရီမှစတင်ပြီး လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ် တိုက်နေအိမ် ထပ်မံဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။