ပင်လုံမြို့၊ရပ်ကွက်(၁)၌ မီးဘေးသင့် နေအိမ်(၂)လုံးအားထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပင်လုံ    မတ်    ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ရပ်ကွက် (၁)၊ ယုဇနလမ်းတွင် (၂.၃.၂၀၂၃)ရက်နေ့၌ မီးဘေးသင့်ခဲ့သည့် ဦးစံမြင့်နှင့် ဒေါ်သန်းညွန့်တို့ နေအိမ်(၂)လုံးအား လွိုင်လင်ခရိုင်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၃ နာရီက ပင်လုံမြို့၊ ရပ်ကွက် (၁)ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မီးဘေးသင့်မှုအတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၁၂,၆၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်းများဖြစ်သော ကျားလုံချည်(၁)ထည်၊ မလုံချည်(၁)ထည်၊ စောင်(၁)ထည်၊ တဘက်(၁)ထည်၊ ဒန်အိုး(၁)လုံး၊ ဇလုံ(၁)လုံး၊ တီရှပ်(၂)ထည်၊ ဆပ်ပြာ(၁)တောင့်၊ နှစ်ယောက်အိပ်ခြင်ထောင်(၁) လုံး၊ ကလေးကျောင်းဝတ်စုံ(ကျား/မ)(၁/၁)ထည်၊ စတီးလ်ဓား(၁)ချောင်း၊ စတီးလ်ဟင်းခပ်ဇွန်း(၂) ချောင်း၊ စတီးလ်သောက်ရေခွက် (၁)လုံး၊ ပလတ်စတစ်ရေချိုးခွက် (၁)လုံး၊ စတီးလ်ပန်းကန်ပြား(၂)ချပ်၊ ပလတ်စတစ်ပုံး(၁)ပုံး၊ ပလတ်စတစ်ဖျာ(၁)ချပ်၊ ခေါက်ဆွဲထုပ်(၆)ထုပ်၊ သွားတိုက်တံ/သွားတိုက်ဆေး(၆/၁)ခု၊ လက်နှိပ်ဓာတ်မီး(၁)ခု၊ အမျိုးသမီးဝတ်ဘောင်းဘီ (၁)ထည်နှင့် အမျိုးသမီးလစဉ်သုံး(၁)ထုပ်စုစုပေါင်း(၂၂)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့မှုကို ပင်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)