ဒိုက်ဦး မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ကလိကျေးရွာ၌ ယမန်နေ့ညနေက မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကလိကျေးရွာမီးလင်းရေးလုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် ဆောင်ရွက်လျက်ရှိသာ ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေးအတွက် (၄၀၀)ဗို့ဓာတ်အားလိုင်း (၁၅၀၀)ပေသွယ်တန်းခြင်းလုပ်ငန်းအား ကျေးရွာသို့လွှဲပြောင်းပေးအပ်ဆောင်ရွက်ပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါလုပ်ငန်းအား အတိုးရငွေ(၁၅၉.၉၆၅၀၀)သိန်းအကုန်ကျခံကာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ(၁၈၄)စု၊ လူဦးရေ(၇၅၃)ဦးတို့အတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)