မြစ်သား မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ငရုတ်စိုက်ပျိုးမှုများအောင်မြင်ဖြစ်ထွန်းပြီး ငရုတ်စျေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
မြစ်သားမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ သမတန်းကျေးရွာတွင် ငရုတ်စိုက်ပျိုးသည့် တောင်သူ များ၏ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ငရုတ်အထွက်နှုန်းကောင်းမွန်ပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ထို့နောက် မြစ်သားမြို့ပေါ်ရှိ ငရုတ်ပွဲရုံတွင် ငရုတ်အမှည့် အစိုတစ်ပိသာ (၂၈၅၀) ကျပ် အခြောက်တစ်ပိသာလျင် (၁၂၀၀၀ )ကျပ် စျေးနှုန်းဖြင့် ဝယ်ယူပြီး၊ ငရုတ်ပွဲရုံမှ အညှာခြွေ တစ်ပိသာလျှင် (၁၅၀၀၀)ကျပ်စျေးနှုန်းဖြင့်ရောင်းချကာ မြစ်သားမြို့မှ မြဝတီသို့ (10Kg) အိတ်များဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံပိုင်ရှင် ဦးကိုကိုဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)