စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား/သူများ လက်ဖက် စိုက်ပျိုးထုပ်လုပ်မှု ကွင်းဆင်းလေ့လာ
Mar 08,2023
ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံ ဒုတိယနှစ်၊ ကျောင်းသူ၊ ကျောင်းသား (၂၃)ဦးအား ကြီးကြပ်သူ ဆရာ၊ ဆရာမများ လိုက်ပါလျက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် တာဝန်ရှိသူများက မတ်လ (၅)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ တောင်သူဦးသိန်းဖေ၏ မြရွက်စိမ်း လက်ဖက်ခင်းတွင် လက်ဖက်စိုက်ပျိုးမှုစနစ်၊ ခူးဆွတ်နည်း၊ ပေါင်းခံနည်း၊ လက်ဖက်စို၊ လက်ဖက်ခြောက် ပြုလုပ်နည်းများ ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။