လပွတ္တာ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို စတင်ဖြေဆိုရာ လပွတ္တာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုမှ ကျောင်းသား၊ ကျောင်းသူ (၈၉၁) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)