ရေဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရေဦး မတ် ၁၄

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community  Centre)  ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရေဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆာမူအဲလ်က  မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက် နှင့် ရည်မှန်းချက်တာဝန်များ၊  ဌာနဖွဲ့စည်းထားရှိပုံ၊ သန္ဓေတပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ယာဉ်နှင့် စက်ပစ္စည်း အင်အားအခြေအနေ၊ ယခင်နှစ်က မီးလောင်မှုဆုံးရှုံးခဲ့ရမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့‌‌နောက် မြို့နယ်တွင်း မီးဘေးကြိုတင် ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်  သဘာဝဘေး အန္တရာယ် အမျိုးအစားများအ‌ကြောင်းကို ပြည်သူလူထုသိရှိပြီး ကာကွယ်နိုင်စေရေး အသိပညာပေး ပြောကြားခဲ့ သည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမှာ အများဆုံးဖြစ်၍  ပြည်သူလူထု ပူးပေါင်း ပါဝင်မှသာ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါ ကြောင်းနှင့် မီးသတ်ဦးစီးဌာန၏ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

သန်းသန်း (ရေဦး)