တံတားဦးမြို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်

တံတားဦး မတ် ၁၄

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများကို ယမန်နေ့ ညနေ(၃)နာရီက အားကစားသင်တန်း သတ်မှတ်နေရာ အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည် ။

လူငယ်များကို အားကစားသင်တန်းများဖြင့် နွေရာသီ ကျောင်းပတ်ရက်အား အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး ၊ အားကစား အခြေခံရှိသော မျိုးဆက်သစ် လူငယ်အားကစားများ ပေါ်ထွန်းလာစေရေး ၊ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခံစွမ်းအားများ မြင့်မားစေရေး စသည့်ရည်ရွယ်ချက်များဖွင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ငယ်သူထွန်းထံမှ သိရသည် ။

နွေရာသီ အားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ အားကစားပြုလုပ်နိုင်သည့် သတ်မှတ်နေရာများ၌ သင်တန်းနည်းပြများက စစ်တုရင်အားကစားသင်တန်းနှင့် စားပွဲတင်တင်းနစ်သင်တန်း များကို နေ့စဉ်နံနက် (၉)နာရီမှ(၁၀)နာရီခွဲအချိန်ထိ၎င်း ၊ ဘောလုံးသင်တန်း ၊ ဘောလီဘောသင်တန်း နှင့် Fitness Dance သင်တန်းများကို နေ့စဉ် ညနေ(၃)နာရီမှ(၄)နာရီခွဲအချိန်ထိ၎င်း သတ်မှတ်နေရာ အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းများကို ၂၀၂၃-ခုနှစ် မတ်လ(၁)ရက်နေ့မှ ၂၀၂၃ မတ်လ(၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး  သင်တန်းအား စိတ်ပါဝင်စားသူများ မည်သူမဆို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန လာရောက်စာရင်းပေး၍  တက်ရောက်သင်ကြားနိုင်ကြောင်း ရသည် ။

ဦးရဲတင့်( ပြန်/ဆက်)