တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မိုင်းယန်း မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်ကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း) စာစစ်ဌာန၌ မိုင်းယန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား/ကျောင်းသူ (၃)ဦးနှင့် အပြင်ဖြေ ကျောင်းသား/ကျောင်းသူ(၁၄)ဦး စုစုပေါင်း(၁၇)ဦး  လာရောက်ဖြေဆိုပြီး အပြင်ဖြေဆိုသူ ကျောင်းသား (၃)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာစာမေးပွဲဖြေဆို အောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သီဟနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၂၈၁)ခြေလျင်တပ်ရင်းမှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စာစစ်ဌာနအနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များ မရှိရအောင် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး