ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ရွှေပြည်သာ မတ် ၁၄

ကျောင်းသား/သူများအား နွေရာသီကျောင်ပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community   Center ခန်းမ၌ အခြေခံပန်ချီ ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။

 သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက သင်တန်းဖွင်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းဆရာအဖြစ် ချိုပန်းချီ(ပညာရေး)က သင်ကြားပို့ချပေးမှာဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၁၄)ရက်နေ့မှ(၃၁)ရက်နေထိလည်းကောင်း အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၁၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့သင်တန်းသား/သူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား/သူများ သင်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည်ရူအားပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း