ဟုမ္မလင်း၌ ရွေ့လျားစာကြည့်တိုက်အနေဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ဟုမ္မလင်း မတ် ၁၄

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ဝန်ထမ်းများစာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလို သည့် ဝန်ထမ်းများထံသို့ စာအုပ်များ ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့်​​ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များအား ဝန်ထမ်းများ လက်ဝယ် အရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မတ်(၁၄)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ နည်လှည့်​​ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာအုပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြစာအုပ်  စုစုပေါင်း ၆၀ အုပ်ကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှဌေးနွယ်က ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးစာအုပ် level 1 to 5 စာအုပ်လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးဧဆက် က လက်ခံခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)