ဘားအံခရိုင်ရုံး Community Centre တွင် အင်္ဂလိပ်စာစွမ်းရည် တိုးတက်စေရန်  အင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်

ဘားအံ မတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ Grammar သင်တန်းကို ယနေ့ နံနက် (၉)နာရီခန့်က  စတုတ္ထနေ့အဖြစ် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂလိပ်စာ Grammar သင်တန်းတွင် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာဦးစောအောင်ဘက How to describe a place ၊ A Famous towm in Shan State အကြောင်းအရာများကို Listening ၊ Writing ၊ Speaking၊  Reading Skill များဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  အင်္ဂလိပ်စာ Grammar သင်တန်းတွင် အင်္ဂလိပ်စာဝါသနာပါသူ ကျောင်းသား/ ကျောင်းသူ လူငယ်(၄၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)