သဲကုန်း မတ် ၁၄
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် မိုးတိမ်ပြင်ကျေးရွာတွင် ယမန်နေ့က ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပြီး ကျန်းမာရေးကောင်းမွန်သူများအား သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုး ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပြီးသူပေါင်း (၄၀၀၆၅)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)