ဟင်္သာတ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟင်္သာတခရိုင်အတွင်းရှိ Gasifire အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီးနောက် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှူးမှ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးမှလည်းကောင်း ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့မှလည်ကောင်း မိမိတို့ဌာနများနှင့် ပတ်သက်သော လုပ်ငန်းကိစ္စများ၊ ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စများကို ဟင်္သာတခရိုင်အတွင်းရှိ Gasifire အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ Gasifire အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မိမိတို့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှုများအား အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)