ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲနှင့် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံမျိုးစေ့များ လုံလောက်စွာထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မုံရွာ မတ် ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အောင်သလ္လာခန်းမတွင် ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ပွဲနှင့် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံ မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာခရိုင် အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးသီးနှံ (၇၆၆၃၃၉)ဧက လျာထားခဲ့ပြီး (၇၉၉၄၉၈) ဧက စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားဧကအပေါ် (၁၀၂)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ခရိုင်ချုပ်အနေဖြင့် ပဲမျိုးစုံကို အဓိကအများဆုံးနှင့် ဆီထွက်သီးနှံကို ဒုတိယအများဆုံး စိုက်ပျိုး ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ သီးနှံအမယ်စုံ (၆၀)ကျော် စိုက်ပျိုးလျက်ရှိပြီး မုံရွာခရိုင်အနေဖြင့် သီးနှံအမယ်စုံ (၃၇)မျိုးခန့် စိုက်ပျိုးဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် အဓိက သီးနှံ(၁၀)မျိုးအား သီးနှံဆိုင်ရာ အစီအမံကောင်းများ ဖွံ့ဖြိုးတိုးတက်သော နည်းပညာပေး လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည် ဆောင်ရွက်လျက်ရှိရာတွင် မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်းကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြစေကြောင်း၊ သီးနှံစိုက် တောင်သူအများစုဟာ မိရိုးဖလာ ဒေသမျိုးကိုသာ သုံးစွဲနေကြဆဲဖြစ်ကြောင်း တွေ့ရှိရပြီး ရရှိသည့် အထွက်နှုန်းအပေါ်တွင်လည်း ကျေနပ်နှစ်သိမ့်နေကြပြီး အထွက်နှုန်းနည်းသည့် ဒေသမျိုးကိုသာ သုံးစွဲလျက်ရှိကြောင်း တွေ့ရှိရတဲ့အတွက်  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်၍ ချိုသာသောဈေးနှုန်းဖြင့် တောင်သူများလိုသလို ရောင်းချပေးနိုင်ရေးအတွက် ဌာနဝန်ထမ်းများမှ မျိုးစေ့ထုန်ကွက်များ စိုက်ပျိုးခြင်းနှင့် တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများ တက်မြောက်စေရန် စာတွေ့၊  လက်တွေ့ သင်ပြစိုက်ပျိုး ဆောင်ရွက်ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း ဖြစ်ကာ သင်တန်းဆရာများ၏ သင်ကြားပို့ချမှုများကို အလေးထားဂရုစိုက်၍ နားထောင်မှတ်သား သင်ကြားကြရန်နှင့် သိရှိလိုသည့် အချက်အလက်များကိုလည်း အပြန်အလှန် ဆွေးနွေးမေးမြန်း ပေးကြရန် တိုက်တွန်း မှာကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲနှင့် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံမျိုးစေ့များ လုံလောက်စွာထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင် တာဝန်ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများလက်ဝယ်အရောက် ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့တို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်းတန်းသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဝန်ထမ်း ၅၇ ဦးနှင့် ဒေသခံတောင်သူ (၁၆) ဦးတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံမျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပေါက်အင်းခြံတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က နေကြာနှင့် ဂျုံသီးနှံများ အထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေးတို့အား လည်းကောင်း၊ ဇလုပ်ခြံ တာဝန်ခံ ဒေါက်တာ ကျော်စွာဝင်းက ပဲတီးစိမ်း သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေးတို့အား လည်းကောင်း၊ တိုင်းဒေသကြီး မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာက ကုလားပဲသီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေး တိုကို  အသီးသီးဆွေးနွေးသင်ကြားပို့ချပေးခဲ့ကြပြီး သိရှိလိုသည့်မေးမြန်းမှုများ ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)