သံတောင်ကြီးမြို့နယ်Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

သံတောင်ကြီး  မတ် ၁၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ ကျောင်းသူ/ကျောင်းသား၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဟောပြောဆောင်ရွက်ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ နော်လော်မူကက မူးယစ်ဆေးဝါးအမျိုးမျိုး ၊   ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာသည့် ရောဂါ၏ နောက်ဆက် တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ ရောဂါလက္ခဏာများ၊ ကွမ်းစားခြင်း ဆိုးကျိုးများ မူးယစ်ဆေးဝါး သုံးစွဲသူများကြုံတွေ့ရသည့် အခက်ခဲများအား သာဓကများဖြင့်အား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)