သတင်းများ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၉နာရီအချိန်က ပန်းတောင်းမြို့နယ် ဇရပ်လှကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရုံး၊ Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Mar 14,2023
မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ ကိုယ်တွေ့ဖြစ်ရပ်များအကြောင်းကို စာပေ ချစ်သူများနှင့် Book Club  အဖွဲ့ဝင်များ သိရှိပြီး ကိုယ်တိုင် ကြုံတွေ့ရပါက  လိုက်နာဆောင်ရွက် ရမည့် ချက်များကို သိရှိနိုင်စေရန် ရည်ရွယ်ပြီး စာရေးဆရာ မင်းလွင်ရေးသားသော “စိုးထိတ် နေ့စွဲများ” စာအုပ်ကို ယနေ့နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရုံး Community Centre ခန်းမအတွင်း၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 14,2023
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမ၌ ယ​နေ့​မွန်းလွဲ ၁ နာရီအချိန်က အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ကျင်းပ
Mar 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သာစည်ကျေးရွာအတွင်းရှိ ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်၌ သီလရှင်ဆရာလေးများကို သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင် စာသင်တိုက်တွင်  ယမန်နေ့ ညနေ(၄)နာရီအချိန်က သီလရှင်ဆရာလေးများကို သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅)အမ်ဗွီအေ  ပါခီး ဓာတ်အားခွဲရုံ ဖွင့်ပွဲကျင်းပ
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသတွင် မတ်(၁၂)ရက်နံနက်(၈)နာရီခွဲ က ၆၆/၁၁ကေဗွီ (၅)အမ်ဗွအေ ပါခီးဓာတ်အားခွဲရုံဖွင့်လှစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန် အသိပညာပေးခြင်းဆောင်ရွက်
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိညာပေးခြင်းကို ယနေ့နံနက် ၁၁ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။