စလင်းမြို့နယ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း (Parbisure)ဆေးဝါးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စလင်း  မတ်  ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များအား စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဆေးဆိုင်များတွင် တရားမဝင်ရောင်းချလျက်ရှိသည့် ဆေးဝါးတစ်မျိုးဖြစ်သည့် (Parbisure) ဆေးကို ဈေးကွက်အတွင်းတင်သွင်း  ရှိ/ မရှိကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စလင်းမြို့ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်၊ ဦးသီဟဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊၊ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သင်းသင်း မော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စလင်းမြို့အတွင်းရှိ စာစီကျောင်းရပ်ကွက်မှ ရွှေအိုးဆေးဆိုင်၊ ပေါင်းနားရပ်ကွက်၊ ရွှေစင်ဆေးဆိုင်၊ ရောင်စဥ်ဆေးဆိုင်၊ ငွေပဒေသာဆေးဆိုင်၊ ဇီဝိတဆေးဆိုင်နှင့် စျေးမရပ်ကွက် ပစ်တိုင်းထောင်ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရာ၌ တရားမဝင်ဆေးဝါးများဈေးကွက်အတွင်း ရောင်းချခြင်းအတွက် အသိပေးတိုင် ကြားလာခြင်းဖြစ်သည့်အတွက် Towards Ultimate Company Limited မှ ဂျာမနီနိုင်ငံ ထုတ် Pabrinex IV/Hy Lnjection အကြောအားဆေးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များနှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိပါကြောင်းနှင့် ယခုအခါဈေးကွက်အတွင်း အဆိုပါဆေးနှင့် Camposition Strength တူ၍ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC NO မရရှိသည့် Parbisure အမည်နှင့်ဆေးဝါး ရောင်းချနေသည့်အတွက် စားသုံးသူများစွာ နစ်နာနိုင်ပါသဖြင့် စျေးကွက်အတွင်းရောင်းချခြင်း ရှိ/ရှိကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် လိုက်လံကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ပြီး တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း မရောင်းချရန် စားသုံး သူရေးရာဦးစီးဌာနတာဝန်ခံ ဦးဆန်းလင်းမောင်က အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်