သနပ်ပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဘောင်စနစ်စံပြစိုက်ကွက်ရိတ်သိမ်း

သနပ်ပင်  မတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့်  ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဘောင်စနစ်စံပြကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ် ၈၅၉(က) ဦးပိုင်အမှတ်(၂) ဈေးပိုင်းရပ်ကွက် တောင်သူဦးမင်းနောင်၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးဘောင်စနစ်စံပြကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေး စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများက စပါးရိတ်ချွေစက်ဖြင့် နွေစပါးဘောင် စနစ်စံပြကွက်ရိတ်‌သိမ်းနေမှုများနှင့် နွေစပါးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုခဲ့ကြသည်။

ထိုသို့ နွေစပါးဘောင်စနစ်စံပြကွက် ဆင်းသုခမျိုးစပါး  စိုက်ဧက (၁၀ )ဧက ရိတ်သိမ်းရာတွင် တစ်ဧကလျင် အထွက်နှုန်း အစိုချိန် (၁၂၆.၅) တင်းနှုန်းထွက်ရှိကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)