ရွှေတောင် မတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃-ခုနှစ် မတ်လအတွင်းကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းချုပ်ကျေးရွာအုပ်စု၊ ပေါင်းချုပ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဦးစီးဌာန၊ မြို့ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် တောင်သူအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်နည်းစနစ်မှန်ကန်စေ ရေး၊ သဘာဝမြေဆွေးပုံများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် သက်တမ်းတိုး အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မွေးမြူးရေးလုပ်ငန်းများ တိုးချဲ့မွေးမြူးရေး စသည်တို့ရှင်းလင်းဆွေးနွေးခဲ့ရာ ဒေသခံတောင်သူ (၁၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကို မင်း(ပြန်/ဆက်)