ဖားဆောင်းမြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 11,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံစေပြီး မြို့သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေး အတွက်အပတ်စဥ်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီကမြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၏ ဘေးပတ်ဝန်းကျင်နှင့် လမ်းဘေးတစ်လျှောက်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။