သတင်းများ

သာယာဝတီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Mar 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၂ နာရီက စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး သာယာဝတီမြို့ရှိ နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်း/နွေစပါး စိုက်ပျိုးသည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Mar 11,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့သည် နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်း/နွေစပါး စိုက်ပျိုးသည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်၌ Roller Type (၆)တန်းသွား မျိုးစေ့ချကိရိယာဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Mar 11,2023
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၆၃.၀၄)သန်းဖြင့် မြေဧရိယာ(၁၂၁.၄၄) ဧကအား စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့်အခြေအနေနှင့် အဆိုပါနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တီထွင်ဆန်းသစ်ထားသော လက်တွန်းထွန်စက်နှင့် တွဲဖက်အသုံးပြုသည့် Roller Type (၆)တန်းသွား မျိုးစေ့ချကိရိယာဖြင့် နွေစပါးစမ်းသပ် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ရွှေတောင်မြို့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး
Mar 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနှိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း e-IDစနစ်ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများအား ကြည့်ရှုစစ်ဆေး
Mar 11,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မှတ် (၁၅)၊ မြက်တိုရပ်ကွက် စုပေါင်း ရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ e-ID စနစ်ဖြင့် Data Based ရေးသွင်း ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းများအား
နွေရာသီ အခြေခံအားကစားနည်းသင်တန်းများ လေ့ကျင့်သင်ကြားပေး
Mar 11,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မီတာ ၄၀၀ အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ လေ့ကျင့်သင်ကြားပို့ချ ပေးလျက် ရှိသည်။
၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 11,2023
၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ပြုလုပ်ရာ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းအား သွားလာရေးအဆင်ပြေစေရန် မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီး
Mar 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီးမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။