ဒလ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာကဆစ်ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို ယမန်နေ့ကကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးမှူးဦးဇာနည်ထက်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကမာကဆစ်ဈေးအတွင်း မီးဘေးအန္တရာယ်မဖြစ် ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် မီးသတ် ဆေးဗူး များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ ထားရှိမှုနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ် ထားရှိမှု၊ စားသောက်ကုန်များ သန့်ရှင်းစွာရောင်းချ နေမှုတို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဈေးသူ/ ဈေးသားများအနေဖြင့် နွေရာသီကာလအတွင်းမီးကို ပိုမိုဂရုပြုသုံးစွဲကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေချိန်ကာလ အတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ် စေရေး အထူးသတိပြုကြရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ဆက်)