လက်ပံတန်းမတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများ အသင်းနှင့်ပူးပေါင်း၍ ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့်သူများ ဖြစ်သည့်အတွက် ဗလငါးတန် ပြည့်စုံစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်စေလိုသည့်အတွက် ယခုလို ဆွေးနွေးပွဲများဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်စာပေချစ်သူများအသင်း (Book Club) အသင်းဝင် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ညိုညိုတင့်မှ မြို့နယ်စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း (ရွှေတောင် - ချည်/ ထည်/ ချော)၏ ကနောင်ဂျာနယ်၊ သရပါမဂ္ဂဇင်း စသည်တို့ထဲတွင် ရေးသားခဲ့သည့် ဆောင်းပါးများထဲမှ အချို့ကို ကောက်နုတ်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)