အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ် ချေးငွေ​ပေးဆပ်ရန် ကျန်ရှိသူများနှင့်​တွေ့ဆုံဆွေးနွေး

အမ်း မတ် ၁၄

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်နိုင်ရန် ကျန်ရှိသော တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နေ့လည်က တပ်တောင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်နိုင်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးပွဲသို့ တပ်တောင်မြို့ ခေတ္တမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ မြို့နယ်လယ်ယာ စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးတင်ထွန်းနှင့်ဝန်ထမ်းများ စိုက်ပျိုးစရိတ် ချေးငွေများပေးဆပ်ရန် ကျန်ရှိသော တပ်တောင်မြို့ပတ်ဝန်းကျင်မှ တောင်သူများ တက်ရောက်ကာ ကိုဗစ် -၁၉ ကာလ၌ စိုက်ပျိုးစရိတ် ချေးငွေများ ပေးဆပ်ရန်ကျန်ရှိသော တောင်သူများအား ယခင်ပေးဆပ်ရန် ကျန်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီပြန်လည်ပေးဆပ်၍ သတ်မှတ်ချိန်တွင် ပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး​ မြန်မာဘုတ်ချောင်းကျေးရွာအုပ်စုရှိ ငါးရက်မကျေးရွာအုပ်စုမှ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေဆပ်၍ သတ်မှတ်ချိန်များ၌ ပြန်လည်ထုတ်ချေးပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)