ငါန်းဇွန် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉နာရီ မိနစ်၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်စံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှု အားပေးကြပြီး သက်ဆိုင်ရာ စာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/အဖြေလွှာများ လုံခြုံရေး ကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေး၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)