သတင်းများ

မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Mar 14,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ရွှေ့ပြောင်းသွားလာခြင်း” ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စု(၄)စုတို့အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 14,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိန်ညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်နက်ပြင်ကျေးရွာ၌ မတ်လ(၉)ရက်နေ့ညက မီးလောင်ကျွမ်းခဲ့ သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)က ဦးဆောင်ကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)၌ နွေရာသီပန်းချီ သင်တန်းဖွင့်လှစ်သင်ကြား
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre)၌ ယမန်နေ့မွန်းလွဲ ၂:၀၀ နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ
Mar 14,2023
ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော
အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရေးကြည့်ရှုအားပေး
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီကသွားရောက်ကြည့်ရှု အားပေးခဲ့သည်။