သတင်းများ

သာစည်မြို့နယ်တွင် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 11,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင် ၁၇/၆ မှ ၁၈/၀ အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိသားစုဝင်ငွေတိုးပွားစေရန် တစ်နိုင်တစ်ပိုင် နဂါးမောက်ပင်များ စိုက်ပျိုး
Jul 11,2025
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များ စိုက်ပျိုးခြင်းအပြင် မိသားစုအပိုဝင်ငွေတိုးပွားစေရန်အတွက် အိမ်ဘေးရှိမြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ နဂါးမောက်ပင်များ စိုက်ပျိုးအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျုံသင်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်
Jul 11,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက မြေတိုင်း‌ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။ 
မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
Jul 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့ ညနေ(၃:၀၀)အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးဖလား(၃) မြို့နယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(Semi Final) အား မြောင်းမြမြို့ မြို့မအားကစားကွင်းအတွင်းတွင် ဆက်လက်ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်  လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး 
Jul 11,2025
မန္တလေးတိုင်းဒသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း ရှမ်းရွာကြီးကျေးရွာတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။
လေရှီး၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်
Jul 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အ.ထ.က ကျောင်းဝန်း၊ Assembly ကွင်းပြင်၌ ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂဒေသလေရှီးမြို့၌ မိုးစပါး SRI စိုက်နည်းစနစ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်
Jul 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာအုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးရှိသီး၏လယ်ကွက်၌  မိုးစပါး (YSR-1 အောင်နိုင်တိုး) RSI စိုက်နည်းစနစ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း အင်အား(၆၀)ဦး သွား‌ရောက်ဆောင်ရွက်ခဲ့သည်။