သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 11,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝေဠုဝန်မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပပြုလုပ်လှူဒါန်းခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးစိုးသိန်း ရွှေတိဂုံစေတီတော်နှင့် ဆူးလေစေတီတော်တို့၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်း
Jul 11,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့် ဆူးလေစေတီတော်တို့၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းကြသည်။
မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jul 11,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ပန်းချီနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jul 11,2025
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အလယ်တန်း၊ အထက်တန်း အဆင့်ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံတွင် ဆန်နှင့် စားအုန်းဆီများက်ို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည် ဆန်နှင့် စားအုန်းဆီများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းဆုံတွင် ရောင်းချပေးခဲ့သည်။
အိမ်မဲမြို့တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအား ငွေကျပ် သိန်း (၁၀၀၀) ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jul 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ငွေလုံးငွေရင်းအသုံးစရိတ်မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ငွေကျပ်သိန်း (၁၀၀၀) ပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 11,2025
အရည်အချင်းပြည့်မီသော ‌မျိုးဆက်သစ် ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၅ခုနှစ် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၃) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။