လေရှီး ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာအုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးရှိသီး၏လယ်ကွက်၌ မိုးစပါး (YSR-1 အောင်နိုင်တိုး) RSI စိုက်နည်းစနစ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း အင်အား(၆၀)ဦး သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်က ဒေသခံတောင်သူများအနေဖြင့် အထွက်တိုးစပါးမျိုးစေ့ပြောင်းလဲသုံးစွဲကြစေရေးနှင့် မီရိုးဖလာ စိုက်ပျိုးနည်းအစား RSI စိုက်နည်းစနစ်ကို လက်တွေ့ကျင့်သုံးသွားကြစေရေး တိုက်တွန်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက မိုးစပါး (YSR-1 အောင်နိုင်တိုး) RSI စိုက်ပျိုးနည်းစနစ် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မိုးစပါး SRI စိုက်နည်းစနစ်စိုက်ပျိုးခြင်းကို လက်တွေ့ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ပြီး တောင်သူအသိပညာပေး လက်ကမ်းစာစောင်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်များကို တောင်သူများအား ပေးအပ်ခဲ့သည်။ အဆိုပါကွင်းသရုပ်ပြပွဲတွင် မိုးစပါး (YSR-1 အောင်နိုင်တိုး) စိုက်ဧက(၁) ဧက စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)