စဉ့်ကိုင်မြို့နယ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Jul 11,2025
သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူပေါင်း၍ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကာ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်ကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းဝန်းအတွင်း၌ ဇူလိူင်လ ၁၁ ရက် နံနက် ၇ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။