လေရှီး ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အ.ထ.က ကျောင်းဝန်း၊ Assembly ကွင်းပြင်၌ ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.ထ.ကကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဖိုင်းနှင်းသေးက “အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံကျော်ဦးက "အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ဟောပြောပွဲတွင် အ.ထ.ကလေရှီး ကျောင်းအုပ်ကြီးနှင့် ဘာသာပြဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၈၅၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)