ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်  လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး 

ကျောက်ဆည်  ဇူလိုင် ၁၁

မန္တလေးတိုင်းဒသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း ရှမ်းရွာကြီးကျေးရွာတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒသကြီး ဝန်ကြီး ဦးစိုင်းနွမ်က မိမိရပ်ရွာ၊မြို့နယ်၊ခရိုင်များ ဒေသတွင်း စိမ်းလန်း စိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းသည် အလွန်အရေးကြီးကြောင်း ရေအရင်းအမြစ် ပေါကြွယ်ဝဖို၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ဖို့နှင့် မြို့ပြနဲ့လူမှုဝန်းကျင် အေးချမ်းသာယာပြီး သဘာဝပတ်ဝန်းကျင်နှင့် မြေသယံဇာတများ အဖိုးထိုက်တန်စေရန် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်း များကို အလေးထား ဆောင်ရွက်ကြရန်  မှာကြားသည်။

ထို့နောက်  တိုင်းဒသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိန်းလန်း စိုပြည်‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ ခရိုင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ တမာ၊ ပိတောက်၊ သင်္ဘောကုက္ကိုနှင့် မဲဇလီပင် စသည့် ပျိုပင်ပေါင်း ၁၂၀၀ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

သက်မောင်