သာစည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင် ၁၇/၆ မှ ၁၈/၀ အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက အရိပ်ရနှစ်ရှည်ပျိုးပင်များကို ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းထံသို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ထံသို့လည်းကောင်း ပေးအပ်သည်။ ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မိုးရာသီ သစ်ပင်များ စိုက်ပျိုးကြခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် ပိတောက်ပင် ၁၅၀၊ ကုက္ကိုပင် ၁၅၀၊ မယ်ဇလီပင် ၁၅၀ နှင့် တမာပင် ၁၅၀ စုစုပေါင်းအပင် ၆၀၀ တို့အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်ပင်စိုက်ပျိုးသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)