သတင်းများ

ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာရပ်အား ကျောင်းသား/သူများ ဆက်လက်ဖြေဆို
Mar 16,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား/သူများမှ ပထဝီဝင် ဘာသာရပ်ကို သတ္တမနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဘာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၂၄)ဦး ဝင်ရောက်ဖြေဆို
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၂၄)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 16,2023
မွန်ပြည်နယ်အတွင်း ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရောဝန်ကြီးဦးမြတ်သွင်နှင့် တာဝန်ရှိသူများသည် မတ်လ(၁၆)ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ မုပွန်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍ အားပေးစကားပြေားကြားခဲ့သည်။
မိုးသက်လေပြင်း ကျရောက်မှုကြောင့်၊ သစ်ပင်ကြီးများ လဲကျပိတ်ဆို့မှု၊ ပူးပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မတ် ၁၅ ရက် ညကမိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့်အမှတ်(၁၀) ရပ်ကွက်ရှိအများပြည်သူသွား လာအသုံးပြုလျက်ရှိသော ရွှေဘို-ကျောက်မြောင်း လမ်းမကြီးဘေးတွင် လုံးပတ်(၂.၅)ပေ၊ အရှည်(၃၀)ပေခန့်ရှိ ထနောင်းပင်ကြီး လဲကျပိတ်ဆို့မှုဖြစ်ပွားနေမှုကို သတင်းရရှိသဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်မြတ်တိုးဦးဆောင်သောတပ်ဖွဲ့၀င် ၁+၉ ဦး၊ တပ်မတော်ထောက်ပံ့ရေးနှင့်ပို့ ဆောင်ရေးတပ်မှတပ်မတော်သား(၃၀)ဦးတို့နှင့် အတူပူးပေါင်း၍ လမ်းပိတ်ဆို့မှုမဖြစ်စေရေး ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြည့်၀စွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းကြိုးပေါ်ကျရောက်နေသော  သစ်ကိုင်းများဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk  Show  ဆွေးနွေးပွဲပြုလုပ်
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေ အသိပညာပေး  ​Talk  Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဘာသာရပ်အားဖြေဆိုသူ (၁၁၈) ဦး ဝင်ရောက်ဖြေဆို
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း (၁၁၈)ဦးရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဌာနမှူးများဖြစ်သည့် ဒေါက်တာရွှေဘော်၊ ဒေါက်တာမြင့်မြတ်နှင့်အဖွဲ့များက ယနေ့ နံနက်(၁၀) နာရီအချိန်၌
စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေး စီမံကိန်းရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Mar 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။