သတင်းများ

ပူတာအို၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-ခုနှစ် မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လည် (၁၂)နာရီက ပူတာအို မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖြန့်ဝေသည်။
သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လူထုအခြေပြုဗဟိုဌာနမှ English Grammar သင်တန်းသားများအား အအေးတိုက်ကျွေး
Mar 16,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနှင့် English Grammar သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သင်တန်းသားများအား မတ်လ ၁၆ ရက်နေ့ နံနက်က အာဟာရအဖြစ် ရွှေရင်အေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အသိပညာပေးခြင်း ဆောင်ရွက်
Mar 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကျိန္တလီမြို့ လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်များအား ဆက်ကပ်လှူဒါန်း
Mar 16,2023
နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ စိန်ရာဇာသာသနာလင်္ကာရစာသင်တိုက်နှင့် ညောင်းလူးကျေးရွာအုပ်စု၊ ကျောင်းစုရွာဦးကျောင်း ပရဟိတဘုန်းတော်ကြီးသင် ပညာကျောင်းများသို့ ယနေ့နံနက် (၉) နာရီအချိန်က လှူဒါန်းခဲ့သည်။
မြောင်းမြမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြောင်းမြမြို့ အခြေခံပညာအထက်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အ.ထ.က(၁)ကန့်ဘလူ ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ် ၁၅ ရက်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပဲနီလုံးများ စတင်ရိတ်သိမ်းရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ တောင်သူများအဆင်ပြေ
Mar 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ပဲနီလုံး (အထွက်တိုးမျိုး)များကို စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်ခြင်း ကြောင့် ပဲနီလုံးစိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေလျှက်ရှိကြောင်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့်ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကျင်းပ
Mar 16,2023
တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို  ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။