စလင်း မတ်လ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံကိန်းလုပ်ငန်းများ ပြန်လည်ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ တိုင်းဒေသကြီး ဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျပ်များနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများမှ ၊ ပညာရေး ၊ ကျန်းမာရေး ၊ မီးသတ်ဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ဆည်မြောင်း ၊ စည်ပင်သာယာရေးဦးစီးဌာနများ၏ စီမံကိန်း ရေးဆွဲရေး အကောင်အထည်ဖော်ကော်မတီများနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုလည်း တာဝန်ပေးအပ်လျက် မညီးမညူ လုပ်ဆောင်ကြရန် မပျက်မကွက် အားကြိုးမာန်တက် လုပ်ဆောင်ကြရန်နှင့် မိမိတို့ဌာနလုပ်ငန်း ဆောင်ရွက်ချက်များကို တစ်ဦးခြင်းစီ မိတ်ဆက်တင်ပြကြရန်နှင့် အသစ်ရောက်ရှိလာသည့် ဌာနဆိုင်ရာများနှင့် မိတ်ဆက်ခြင်း အခါအားလျော်စွာ တာဝန်ပေးအပ်လာလျှင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆောင်ရွက် ကြရမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် တာဝန်ပေးအပ်လာလျှင် ဝန်ထမ်းများက စနစ်တကျ လုပ်ဆောင်ကြရန် နိုင်ငံဝန်ထမ်း ဥပဒေများ စောင့်ထိန်းရမည့် စည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များမှ စိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထင်လင်းအောင်က နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မိမြို့ဖ ဦးစိန်လင်းတို့က လုံခြုံရေးကိစ္စရပ်များကို ထပ်ဆင့်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာအဆင့် လူကြီးမင်းများမှ ဌာနအလိုက် မိမိတို့ ဆောင်ရွက်ထားရှိသည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ထပ်ဆင့်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)