မော်လမြိုင်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင် မတ် ၁၆

မွန်ပြည်နယ်အတွင်း ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရောဝန်ကြီးဦးမြတ်သွင်နှင့် တာဝန်ရှိသူများသည် မတ်လ(၁၆)ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ မုပွန်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍ အားပေးစကားပြေားကြားခဲ့သည်။

နွေဦးကာလနှင့် မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်တိုင်းကျရောက်လေ့ရှိသဖြင့် အသိပညာပေးခြင်းနှင့် ရပ်ကွက်ကျေးရွာအတွင်းရှိ နွမ်းပါးအိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များ လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းပါးစေရန် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဝန်ထမ်းများက လူမှုရေးအသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိသည်။

 မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏  ၂ဝ၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်(၆)ခု၊ ကျေးရွာ(၃)ရွာမှ သတ်မှတ်ချက်နှင့်ကိုက်ညီသော အိမ်ခြေ(၉၀၀)ကျော်ကို လေပြင်းဒဏ်ခံ ကြံ့ခိုင်စွမ်းအားရှိရန် အားဖြည့်ပြင်ဆင်မှုအဖြစ် သွပ်နန်းကြိုးများတုံ့ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များအသုံးပြုပြီး အားဖြည့်ပြင်ဆင်ခြင်း  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဧပြီလ (၁)ရက်မှ မတ်လ (၁၅)ရက်အထိ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးနှင့်  အခြားဘေး စုစုပေါင်းအကြိမ်(၇၂)ကြိမ်ဖြစ်ပွားခဲ့ရာ ထောက်ပံ့ငွေနှင့်ထောက်ပံ့ရေးပစ္စည်း ငွေကျပ်သိန်း (၃၀၂၄)ကျော် ပေးအပ်နိုင်ခဲ့ကြောင်း  သိရှိရသည်။

စည်သူ(ပြန်/ဆက်)