အထက်မင်းလှ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာလှိုင်မှ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားဆိုင်ရာ ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ၏ အလုပ်လုပ်သည့် ကလေးသူငယ်၏ အသက်အရွယ် သတ်မှတ်ထားရှိမှု၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခဲ့လျှင် ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)