ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ စာပေလေ့လာ ဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကဘုရားလမ်းရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။