တောင်တွင်းကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဘာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၂၄)ဦး ဝင်ရောက်ဖြေဆို

တောင်တွင်းကြီး မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၂၄)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁) စာစစ်ဌာန၊ အ.ထ.က (ဆတ်သွား)စာစစ်ဌာနတို့တွင် ပထဝီဝင်ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၁)ဦး၊ ကျောင်းသူ (၈၃)ဦး စုစုပေါင်း (၁၂၄)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၉. ၂၁)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)