မင်္ဂလာဒုံ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဌာနမှူးများဖြစ်သည့် ဒေါက်တာရွှေဘော်၊ ဒေါက်တာမြင့်မြတ်နှင့်အဖွဲ့များက ယနေ့ နံနက်(၁၀) နာရီအချိန်၌ မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ထမ်းများနှင့် မိသားစုဝင်(၈၀) ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ နေထိုင်ကြရန် အသိပညာပေး ပြောကြားကြောင်း သိရသည်။
မြတ်သူဇာ (ပြန်/ ဆက်)