စလင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဘာသာရပ်အားဖြေဆိုသူ (၁၁၈) ဦး ဝင်ရောက်ဖြေဆို

စလင်း မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်၉ နာရီအချိန်က မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ ဖြေဆိုသူပေါင်း (၁၁၈)ဦးရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း၌ ယခုနှစ်တွင် စာမေးပွဲဖြေဆိုရန် စာစစ်ဌာန (၅)ခုဖြင့် နံနက် ၉ နာရီအချိန်မှစ၍ ပထဝီဘာသာရပ်အား စလင်းမြို့အခြေခံပညာအမှတ် (၁)ကျောင်းတွင် အတွင်းအပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄)ဦး၊ အ.ထ.က ဆင်ဖြူကျွန်း အခြခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး၊ အ.ထ.က စလင်း မြို့နယ်တပ်တွင်း အခြေခံပညာအထက်တန်း ကျောင်းတွင် (၃၂)ဦး၊ လင်းဇင်းအခြေခံပညာအထက်တန်းကျောင်းတွင် (၃၈)ဦး၊စု စုပေါင်း (၁၁၈)ဦး ဝင်ရောက်ဖြေဆိုကြပြီး၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုနေသူများအား စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရေး အတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲများနှင့် ရပ်မိရပ်ဖများက တာဝန်ယူစောင့်ကြပ်ကာဖြင့် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်လျက်ရှိပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ (၁၃၆)ဦး စာရင်းပေးသွင်းခဲ့ရာမှ ပျက်ကွက်သူဦးရေ (၁၈)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ပြီး (၈၆.၇၆)ရာခိုင်နှုန်း ရှိကြောင်းကို မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့