မိုးသက်လေပြင်း ကျရောက်မှုကြောင့်၊ သစ်ပင်ကြီးများ လဲကျပိတ်ဆို့မှု၊ ပူးပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်

ရွှေဘို မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မတ် ၁၅ ရက် ညကမိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့်အမှတ်(၁၀) ရပ်ကွက်ရှိအများပြည်သူသွား လာအသုံးပြုလျက်ရှိသော ရွှေဘို-ကျောက်မြောင်း လမ်းမကြီးဘေးတွင် လုံးပတ်(၂.၅)ပေ၊ အရှည်(၃၀)ပေခန့်ရှိ ထနောင်းပင်ကြီး လဲကျပိတ်ဆို့မှုဖြစ်ပွားနေမှုကို သတင်းရရှိသဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်မြတ်တိုးဦးဆောင်သောတပ်ဖွဲ့၀င် ၁+၉ ဦး၊ တပ်မတော်ထောက်ပံ့ရေးနှင့်ပို့ ဆောင်ရေးတပ်မှတပ်မတော်သား(၃၀)ဦးတို့နှင့် အတူပူးပေါင်း၍ လမ်းပိတ်ဆို့မှုမဖြစ်စေရေး ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ဓာတ်အားပြည့်၀စွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းကြိုးပေါ်ကျရောက်နေသော  သစ်ကိုင်းများဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)