ပင်လောင်း မတ် ၁၆
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား/သူများမှ ပထဝီဝင် ဘာသာရပ်ကို သတ္တမနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယနေ့ဖြေဆိုသည့် ပထဝီဝင်ဘာသာရပ်ကို ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်း၊အထက-နောင်တရား၊အထက-တီကျစ်၊အထက-ပင်ခွန်နှင့်အထက-တင်းထက် စာစစ်ဌာန ၅ ခုတို့၌ ကျောင်းသား/သူ စုစုပေါင်း ၈၄ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၆ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအု ပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)